မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ရှိ သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ၁၄၃ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို စက်တင်ဘာ ၁၉ ရက်မှ စက်တင်ဘာ ၂၉ ရက်အထိ ၁၁ ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဖောင်တော်ဦးစေတီတော် ဂေါပကအဖွဲ့ထံမှ သိရပါတယ်။
အဆိုပါ ပွဲတော်တွင် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကို အကြီးတန်းနှင့် အငယ်တန်းဟူ၍ ခွဲခြားကျင်းပသွားမည်ဖြစ်ပြီး လှေပြိုင်ပွဲသို့ မိတ္ထီလာမြို့ပေါ် ရပ်ကွက်များနှင့် လှေခင်းကြီး၊ နွားမဲခေါင်း၊ အင်း၊ ပက်လက်၊ အုတ်နှဲဘုတ် စသည့် ကျေးရွာများမှ ပြိုင်ပွဲဝင်လှေအသင်းများ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။
ထို့အပြင် စက်တင်ဘာ ၁၉ ရက်နေ့ (တော်သလင်းလဆန်း ၈ ရက်နေ့) မှာ ဖောင်တော်ဦးစေတီတော် ဘုရားအနေကဇာတင်ခြင်း၊ ဘုရားအမှူးပြုတဲ့ သံဃာတော်တွေကို ဆွမ်းနဲ့ လှူဖွယ်ဝတ္ထုတွေ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲတို့ကို ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် လောင်းလှေပြိုင်ပွဲများအပြင် ခြင်းအလှခတ်ပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ပွဲဈေးတန်းများ၊ အရောင်းပြခန်းများကို ထည့်သွင်းပြသရောင်းချမည်ဖြစ်ကြောင်းလည်း သိရပါတယ်။
Photo – MOI






