[latest_news_marquee]

အမြန်လမ်းမောင်း ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်ပေါင်း ၆၀၀၀ ကျော်ကို Telematics စက်များတပ်ဆင်ပေးထား

အမြန်လမ်းမောင်း ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်ပေါင်း ၆၀၀၀ ကျော်ကို Telematics စက်များတပ်ဆင်ပေးထားပြီးဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်လျက်ရှိသည့် ခရီးသည်တင်မော်တော်ယာဉ်များနှင့် သတ်မှတ်ခွင့်ပြုထားသည့် ကုန်စည် ၁၄ မျိုး သယ်ဆောင်သည့် ကုန်တင်ယာဉ်များကို Telematics GPS စနစ်တပ်ဆင်ပြီးမှသာ လမ်းအသုံးပြုခွင့် ရရှိမှာဖြစ်ကြောင်း ဝန်ကြီးဌာနအနေဖြင့် အသိပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Telematics စနစ် GPS စက်များတပ်ဆင်ပြီး ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများကိုလည်း ၂၀၂၄ ခုနှစ် ဇွန်လတွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ ခရီးသည်တင်မော်တော်ယာဉ် ၃,၅၂၅ စီး၊ ကုန်တင်ယာဉ် ၂,၅၁၂ စီး စုစုပေါင်း ၆,၀၃၇ စီးတို့ကို Telematics စက်များတပ်ဆင် ပေးပြီးဖြစ်ကြောင်း သိရပါတယ်။

အလားတူ နေပြည်တော် စီလမ်းဆုံ တိုးဂိတ်ရှိ Telematics Command & Control Center က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သွားလာလျက်ရှိနေသည့် ခရီးသည်တင် မော်တော်ယာဉ်များ၊ သတ်မှတ်အမြန်နှုန်း (ကီလို ၉၀) အတွင်းသာ မောင်းနှင်စေရေး၊ ယာဉ်မရပ်ရနေရာများတွင် ရပ်တန့်မှု မရှိစေရေးတို့အတွက် တယ်လီဖုန်းဖြင့် ၂၄ နာရီ ဝန်ဆောင်မှုဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။

Photo – MOI

Your Ad Here
Ad Size: 336x280 px

More News