ရန်ကုန်တိုင်းဒေသကြီးရှိ စာသင်ကျောင်းများ ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများအတွက် ငွေကျပ် ၆၉ ဘီလီယံကျော် ရရှိထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးဗိုလ်ဌေးက ပြောကြားခဲ့ပါတယ်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး ပညာရေးကဏ္ဍသို့ နိုင်ငံတော်ဘတ်ဂျက် ခွဲဝေချထားငွေမှာ သာမန်အသုံးစရိတ် ပြုပြင်ထိန်းသိမ်းရေးနှင့် ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ငွေလုံးငွေရင်း (တည်ဆောက်ရေး) လုပ်ငန်းများအတွက် ငွေကျပ် ၆၉,၀၂၁ ဒသမ ၆၅၉ သန်း ခွဲဝေရရှိပြီး သာကေတမြို့နယ်ရှိ ကျောင်းဆောင်များ ပြုပြင်ရေးအတွက် သာမန်အသုံးစရိတ်နှင့် ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ငွေလုံးငွေရင်း (တည်ဆောက်ရေး) လုပ်ငန်းများအတွက် ခွဲဝေချထားငွေမှာ ငွေကျပ် ၃,၉၂၄ ဒသမ ၁၃ သန်း ဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတွင် အခြေခံပညာအထက်တန်းဆင့်သင်ကျောင်း ၄၀၇ ကျောင်း၊ အလယ်တန်းဆင့်သင်ကျောင်း ၆၆၂ ကျောင်း၊ မူလတန်းဆင့်သင်ကျောင်း ၁,၆၄၈ ကျောင်း၊ စုစုပေါင်း ၂,၇၁၇ ကျောင်းရှိပြီး အခြေခံပညာအထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ ပေါင်း ၈၇,၈၉၁ ဦး၊ အလယ်တန်းဆင့် ကျောင်းသား/ ကျောင်းသူ ပေါင်း ၂၆၀,၁၈၈ ဦး၊ မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူ ပေါင်း ၆၁၂,၂၃၂ ဦး၊ ထက်ဆင့်သင် ဆရာ၊ ဆရာမ ၅,၁၁၆ ဦး၊ လယ်ဆင့်သင် ဆရာ၊ ဆရာမ ၅,၇၄၅ ဦး၊ မူဆင့်သင်ဆရာ၊ ဆရာမ ၁၅,၁၆၇ ဦး၊ အခြေခံပညာကျောင်းများရှိ ကျောင်းရုံးဝန်ထမ်း ၂,၂၅၇ ဦး ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရပါတယ်။
Photo – MFN






