ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးမြေဆီလွှာများ၊ ဂေဟစနစ်များ ထိန်းသိမ်းရေး၊ ဇီဝနှင့် သဘာဝ မြေဩဇာများ ထုတ်လုပ်သုံးစွဲမှု မြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) နှင့် ဗီယက်နမ်နိုင်ငံရှိ Vietnam Rural Agricultural Development Science Institute တို့အကြား လက်မှတ်ရေးထိုးထားခဲ့ကြောင်း MRF ထံမှ သိရပါတယ်။
ထို့အပြင် MRF ရဲ့ ညီနောင်အသင်းဖြစ်တဲ့ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းကလည်း ဗီယက်နမ်နိုင်ငံက Phong VU Trading Services Import Export Co.,Ltd နဲ့ ဓာတ်မြေဩဇာလုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုအတွက် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ MoU များကို ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပခဲ့တဲ့ Myanmar-Vietnam Business Forum (2026)မှာ ရေးထိုးခဲ့ကြတာဖြစ်ပြီး မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ B to B ဆန်စပါးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး စီမံချက်လုပ်ငန်းနယ်ပယ် ၉ ခုကို သတ်မှတ်၍ အချိန်ဇယားနဲ့ အထူးဦးစားပေး မြှင့်တင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ခဲ့ပါတယ်။
အဆို ဖိုရမ်၌ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မြန်မာ့ ပေါ်ဆန်းဆန်နဲ့ တန်းမြင့်ဆန်တွေ ဗီယက်နမ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ဖွဲနုဆီ ထုတ်လုပ်မှုလုပ်ငန်း၊ ဆန်စက်ပစ္စည်းတွေ၊ Silo system တွေ ထုတ်လုပ်တပ်ဆင်သုံးစွဲမှုလုပ်ငန်းနဲ့ ဆန်စပါးမျိုးစေ့ထုတ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
Photo – MRF






