[latest_news_marquee]

MSME များဟာ ပြည်တွင်းစီးပွားရေးလုပ်ငန်း စုစုပေါင်းရဲ့ ၉၉ ရာခိုင်နှုန်းခန့်ရှိ

မြန်မာနိုင်ငံမှာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များဟာ ပြည်တွင်းစီးပွားရေးလုပ်ငန်း စုစုပေါင်းရဲ့ ၉၉ ရာခိုင်နှုန်းခန့်ရှိပြီး နိုင်ငံစီးပွားရေးရဲ့ အဓိကကျောရိုးမဏ္ဍိုင် ဖြစ်ပါတယ်။ MSME လုပ်ငန်းပေါင်း ၄ သောင်းကျော်ရှိတဲ့အနက် ထက်ဝက်ကျော်မှာ အစားအသောက် ထုတ်လုပ်သည့် လုပ်ငန်းများ ဖြစ်တယ်လို့လည်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနစာရင်းများအရ သိရပါတယ်။

လက်ရှိမှာ ပြည်တွင်းထုတ်ကုန် တိုးမြှင့်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်အတွက် MSME ကဏ္ဍကို အထူးဦးစားပေး ဆောင်ရွက်လျက်ရှိသလို MSME လုပ်ငန်းများအတွက် ချေးငွေထုတ်ပေးနိုင်ရန် ဘီလီယံ ၇၀၀ ကို ခန့်မှန်းလျာထား ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် MSMEs များအတွက် လိုအပ်သော ငွေကြေးရင်းမြစ်များအား ဘဏ်များမှတစ်ဆင့် ပံ့ပိုးပေးနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိရာ MSMEs ကဏ္ဍသို့ JICA ရန်ပုံငွေ၊ MSMEs ရန်ပုံငွေများအပြင် ဘဏ်များ၏ ဘဏ္ဍာရန်ပုံငွေအသုံးပြု၍ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၉ ဘဏ်တို့က ချေးငွေများထုတ်ချေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ကုန်တွင် ကျပ် ၈၉၇၄ ဒသမ ၂၂ ဘီလီယံရှိကြောင်း၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအနေဖြင့် MSMEs ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကျပ် ဘီလီယံ ၁၅၀ မှ ၂၀၂၄ ခုနှစ် အောက်တိုဘာမှ ၂၀၂၆ ခုနှစ် ဇွန်လအထိ လုပ်ငန်းရှင် ၂၅၃ ဦးသို့ ငွေကျပ် ၉၉၅၅ သန်း ထုတ်ချေး ပေးပြီးဖြစ်တယ်လို့ သိရပါတယ်။

ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသည့် တန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်နိုင်သော MSMEs များ ဖြစ်ပေါ်လာစေရေးအတွက် နည်းပညာ၊ အသိပညာ ပေးဆွေးနွေးပွဲများနှင့် သင်တန်းများကို ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် MSMEs လုပ်ငန်းရှင် ၃,၁၄၈ ဦးသို့ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု အသိပညာ၊ နည်းပညာများ ပံ့ပိုးပေးပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

Video/Photo Credit  – MOI/MRTV

Your Ad Here
Ad Size: 336x280 px

More News