[latest_news_marquee]

ဆန်စပါး မျိုးစေ့ထုတ်လုပ်ငန်းကို မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းထားဟုဆို

မြန်မာနိုင်ငံတွင် မျိုးစေ့ထုတ်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)မှ သိရပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး MRF မှ Senior Project Consultant ဦးသက်ဇင်မောင်နှင့် Senior Advisor ဦးလွင်ဦးတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင် (၂၀) ဦးတို့သည် ဆန်စပါး မျိုးစေ့ထုတ်လုပ်ငန်းများအား လေ့လာရန်နှင့် နှစ်ဖက် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် မျိုးစေ့ထုတ်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်ရေးအတွက် ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရပါတယ်။

ထိုခရီးစဉ်အတွင်း၌ ကိုယ်စားလှယ်အဖွဲ့သည် Loc Troi Seeds Joint Stock Company နှင့် Vietnam National Seed Group JSC (VINASEED) ကုမ္ပဏီတို့နှင့် သီးခြားစီသွားရောက် တွေ့ဆုံခဲ့တဲ့အပြင် မျိုးစေ့သန့်စင်စက်ရုံများ၊ စိုက်ခင်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို သွားရောက်လေ့လာခဲ့ကြပြီး နားလည်မှုစာချွန်လွှာ (MoU) များ ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

ထို့အပြင် ဆန်စပါး မျိုးစေ့ထုတ်လုပ်ငန်းကို မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ မျိုးစေ့နည်းပညာနှင့် မျိုးစပ်နည်းပညာများ ဖလှယ်ရေး၊ လေ့ကျင့်ပညာပေးရေးနှင့် စိုက်ပျိုးရေးနှင့် မျိုးစေ့ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့အတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်းလည်း သိရပါတယ်။

MRF အနေဖြင့် နိုင်ငံတော်၏ လမ်းညွှန်ချက်ဖြစ်သည့် တန်းမြင့်ဆန်များ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချနိုင်ရေးအတွက် နိုင်ငံတကာစျေးကွက်တွင် စျေးကောင်းရသော အရည်အသွေး အနံ့အရသာ ကောင်းပြီး ရှည်သွယ်သော Aromatic, Long and Slender Grain မျိုးများကို ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးရေးနှင့် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လမ်းညွှန် အကြံပြုချက်များနှင့်အညီ နိုင်ငံအတွင်း မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးရေးတို့ကို ပုဂ္ဂလိကကဏ္ဍမှ ဦးဆောင်မှုပြု၍ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဆန်စပါးမျိုးစေ့, မြန်မာ_ဗီယက်နမ်, ပုဂ္ဂလိကကဏ္ဍ, မျိုးစေ့, ဆန်စပါး, MRF,

Your Ad Here
Ad Size: 336x280 px

More News