[latest_news_marquee]

စီးပွားရေးအခွင့်အလမ်းများကို ချိတ်ဆက်ပြသမည့် Myanmar Business Trade Show & Travel Expo 2026 ပြပွဲ ကျင်းပမည်

ပြည်တွင်း၊ ပြည်ပ စီးပွားရေးအခွင့်အလမ်းများကို ချိတ်ဆက်ပြသသွားမည့် Myanmar Business Trade Show & Travel Expo 2026 ပြပွဲကို STP Event Management Team မှ စီစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။
 
အဆိုပါပြပွဲကို ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ လာမည့် စက်တင်ဘာလ ၄ ရက်မှ ၆ ရက်နေ့အထိ ၃ ရက်ကြာ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။
 
ပြပွဲတွင် နိုင်ငံတကာသံရုံးများနှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့များ၊ ပြည်တွင်းစီးပွားရေးအသင်းအဖွဲ့များနှင့် MSME များ၊ ခရီးသွားလာခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍမှ လုပ်ငန်းရှင်များ၊ ပို့ကုန်၊ သွင်းကုန်နှင့် ဖြန့်ဖြူးရေး ကုမ္ပဏီများ၊ ပြည်တွင်းနှင့် ပြည်ပ အမှတ်တံဆိပ်များ၊ ဖျော်ဖြေရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းများ ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။
 
“ဒီပြပွဲကြီးမှာ သံရုံးတွေကို ဖိတ်ခေါ်ထားသလို အဓိက ကတော့ ပြပွဲတစ်ခုတည်းမဟုတ်ဘဲနဲ့ Business Networking ပါဝင်တဲ့ Exhibition Plus Business Networking ကို ပထမဦးဆုံး ဖော်ဆောင်ပေးတဲ့ ပွဲလည်းဖြစ်ပါတယ်” လို့ STP Event Management Team မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်သင်းသင်းအောင် ကပြောကြားထားပါတယ်။
 
ထို့ပြင် B2B Networking & Business Matching အခွင့်အလမ်းအစီအစဉ်များ၊ ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ဖျော်ဖြေရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအစီအစဉ်များအပြင် စက်တင်ဘာလ ၇ ရက်တွင် Exclusive VVIP Networking အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။
 
အဆိုပါ Expo အား တက်ရောက်ခြင်းအားဖြင့် ဈေးကွက်မဟာဗျူဟာနှင့် ကွန်ရက်ချိတ်ဆက်မှု အသစ်များ၊ နိုင်ငံတကာ စီးပွားရေး ပလပ်ဖောင်း တွင် ပါဝင်ခွင့်၊ နိုင်ငံတကာ ကူးသန်းကုန်သွယ်မှုနှင့်စီးပွားရေးဈေးကွက် ချဲ့ထွင်နိုင်မှု၊ နိုင်ငံတကာသံရုံးများနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်မည့်အခွင့်အလမ်းများစွာကိုလည်း ရရှိနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။
 
စီးပွားရေးပြပွဲ, MyanmarBusinessTradeShowandTravelExpo2026, ပြပွဲ, 


Photo – STP Event Management Team

Your Ad Here
Ad Size: 336x280 px

More News