[latest_news_marquee]

မြန်မာ့ကော်ဖီကဏ္ဍကို မြှင့်တင်ရန် မြန်မာနိုင်ငံ ကော်ဖီအသင်းနှင့် ဗီယက်နမ်နိုင်ငံ ကော်ဖီသုတေသနဌာနတို့ ဆွေးနွေး

မြန်မာ့ကော်ဖီကဏ္ဍကို မြှင့်တင်ရန် မြန်မာနိုင်ငံ ကော်ဖီအသင်းနှင့် ဗီယက်နမ်နိုင်ငံ ကော်ဖီသုတေသနဌာနတို့ ဇူလိုင်လ ၃၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်း၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် မြန်မာနိုင်ငံ၏ ကော်ဖီကဏ္ဍကို မြန်မာပြည်၏ မတူကွဲပြားသော ပထဝီဝင်အနေအထား ဒေသအမျိုးမျိုးတွင် ပိုမိုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ အဆင့်မြင့် ကော်ဖီမျိုးစေ့နည်းပညာ၊ ရာသီဥတု ဒဏ်ခံနိုင်ရည်ရှိသော မျိုးဗီဇအရင်းအမြစ်များနှင့် မျိုးရွေးချယ်မှုများအပေါ် အဓိကထား ဆွေးနွေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထိုသို့ မြန်မာနိုင်ငံ၏ ပေါ်ထွန်းလာမည့် အလားအလာများကို ကမ္ဘာ့အဆင့်မီ စိုက်ပျိုးရေးသုတေသနလုပ်ငန်းများနှင့် ချိတ်ဆက်ခြင်းအားဖြင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကျင့်စဉ်များ၊ တိကျခိုင်မာသော နည်းပညာအသိပညာဖလှယ်မှုများနှင့် ပိုမိုခိုင်မာအားကောင်းသော အရှေ့တောင်အာရှကော်ဖီ အသိုက်အဝန်းကြီးပေါ်ထွန်းလာစေရန်နှင့် ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်း၏ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကော်ဖီ, ဗီယက်နမ်_မြန်မာ, ကော်ဖီမျိုးစေ့, Coffee,

Your Ad Here
Ad Size: 336x280 px

More News