[latest_news_marquee]

မြန်မာ eFootball Mobile အသင်း အဆင့် ၁၇ ဆင့်မြင့်တက်လာပြီး ကမ္ဘာ့အဆင့် (၄၀) နေရာအထိ တက်ရောက်လာ

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(FIFA)က ထုတ်ပြန်ခဲ့သည့် eFootball Mobile အဆင့်သတ်မှတ်ချက်တွင် မြန်မာ eFootball Mobile အသင်းဟာ ကမ္ဘာ့အဆင့် (၄၀) နေရာသို့ ရောက်ရှိလာခဲ့တယ်လို့ Myanmar Electronic Sports Federation မှ သိရပါတယ်။

မြန်မာ eFootball Mobile အသင်းဟာ FIFAe Nation League Qualifier(Mobile) ပြိုင်ပွဲများပြီးဆုံးပြီးနောက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ၁၇ ဆင့်တိတိ မြင့်တက်လာခဲ့ပြီး ကမ္ဘာ့အဆင့် (၄၀) နေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

Nation League များ ကျင်းပနေသည့်ကာလတွင် မြန်မာ eFootball Mobile အသင်းဟာ  FIFAe ကမ္ဘာ့အဆင့် (၅၇) ၌သာ ရပ်တည်ခဲ့သော်လည်း နောက်ဆုံးပွဲစဉ်များတွင် ရလဒ်များ ဆက်တိုက်ကောင်းမွန်မှုနှင့်အတူ Continental Championship အဆင့်ထိ တက်ရောက်ခဲ့ပြီးနောက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်များ မြင့်တက်လာခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ eFootball Mobile အသင်းဟာ နိုင်ငံတကာပြိုင်ပွဲများကို နောက်ပိုင်းနှစ်များမှသာ စတင်ကစားခဲ့ သော်လည်း ကစားခဲ့သည့် ပြိုင်ပွဲများတွင် ရလဒ်ကောင်းများ ဆက်တိုက်ရယူနိုင်ခဲ့ပြီးနောက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်များမှာ ဆက်တိုက် မြင့်တက်လာခဲ့ပြီး လာမည့် eFootball Mobile ပြိုင်ပွဲများတွင် ဝင်ရောက်ကစားမယ်လို့လည်း သိရပါတယ်။

Photo- MESF

Your Ad Here
Ad Size: 336x280 px

More News