[latest_news_marquee]

မြန်မာ FIFAe Mobile အသင်း FIFAe Continental Championship 2026 သို့ ဝင်ရောက်ယှဉ်ပြိုင်မယ်

FIFAe Nations League 2026 ပြိုင်ပွဲတွင် Consistency Ranking အဆင့် (၆) ရရှိခဲ့သည့် မြန်မာကိုယ်စားပြု FIFAe Mobile အသင်းဟာ  ယနေ့ ဩဂုတ် ၁၉ ရက်မှ ၂၂ ရက်အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပမည့် FIFAe Continental Championship 2026 ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ လက်ရှိတွင်လည်း မြန်မာကိုယ်စားပြု FIFAe ကစားသမားများဟာ FIFAe Mobile 2026 Continental Championship တွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ပြိုင်ပွဲကျင်းပရာ မလေးရှားနိုင်ငံ Kuala Lumpur မြို့တွင် Official Testing ပြုလုပ်ခဲ့တယ်လို့ Myanmar Esports Federation မှ သိရပါတယ်။

ပထမအဆင့်၌ အာရှအုပ်စုတွင်ပါဝင်သည့် အသင်း ၈ သင်းသည် Round Robin စနစ်ဖြင့် ယှဉ်ပြိုင်ကြရမည်ဖြစ်ကာ အသင်းတစ်သင်းစီတိုင်းက ကျန်အသင်း ၇ သင်းနှင့် တစ်ကြိမ်စီ ယှဉ်ပြိုင်ရမှာဖြစ်ပြီး
အုပ်စုပွဲစဉ်များအပြီးတွင် အမှတ်ပေးဇယားထိပ်ဆုံးအဆင့် (၁) မှ (၆) အထိရရှိသည့် အသင်း ၆ သင်းဟာ ရှုံးထွက်အဆင့်သို့ တက်ရောက်ခွင့်ရရှိမှာဖြစ်သလို အုပ်စုအဆင့် (၇) နှင့် (၈) နေရာတွင် ရပ်တည်ခဲ့သည့် အသင်း ၂ သင်းက ပြိုင်ပွဲမှတိုက်ရိုက်ထွက်ခွာရမှာဖြစ်တယ်လို့ သိရပါတယ်။

ရှုံးထွက်အဆင့်ပွဲစဉ်များတွင် အဆင့် (၁) နှင့် (၂) ရရှိသောအသင်းများသည် ဆီမီးဖိုင်နယ်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရရှိမှာဖြစ်ပြီး ကျန်အဆင့် (၃) မှ (၆) အတွင်းရရှိသည့် အသင်း ၄ သင်းက ကွာတားဖိုင်နယ်မှတစ်ဆင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ရေးအတွက် ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ကာ အနိုင်ရရှိသည့် ၂ သင်းသည် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရရှိမယ်လို့ သိရပါတယ်။

ရှုံးထွက်အဆင့်မှတစ်ဆင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်လာသည့် အသင်းများသည် FIFAe World Cup 2026 ဝင်ခွင့်ရရှိရေးအတွက် ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အာရှဒေသ သတ်မှတ်ချက်အရ ထိပ်ဆုံး ၃ သင်းဟာ FIFAe World Cup 2026 သို့ တိုက်ရိုက်တက်ရောက်ခွင့်ရရှိမှာဖြစ်သလို စတုတ္ထနေရာရရှိသည့်အသင်းက နယူးဇီလန် အသင်းနှင့် Playoff ပွဲစဉ် ယှဉ်ပြိုင်အနိုင်ရမှသာ FIFAe World Cup 2026 သို ဝင်ခွင့်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Photos- MESF

Your Ad Here
Ad Size: 336x280 px

More News