[latest_news_marquee]

တရုတ်နိုင်ငံဈေးကွက်ကို တင်ပို့နိုင်ခြင်းမရှိသေးသဖြင့် မြန်မာ့သခွားမွှေးများ အမြတ်ရရှိမှုနည်းပါးနေ

တရုတ်နိုင်ငံဈေးကွက်ကို တင်ပို့နိုင်ခြင်းမရှိသေးသဖြင့် မြန်မာ့သခွားမွှေးများ အမြတ်ရရှိမှုနည်းပါးနေကြောင်း တောင်သူများထံမှ သိရပါတယ်။

ဒေသတွင်း သခွားမွှေးစိုက်ပျိုးရေးလုပ်ငန်းသည် ယခင်ကတည်းက ကုန်ကျစရိတ်အရင်းအနှီးမြင့်မားသည့် လုပ်ငန်းတစ်ခုဖြစ်ကာ လက်ရှိအချိန်တွင် စက်သုံးဆီရှားပါးမှု၊ စိုက်ပျိုးရေးသွင်းအားစု ဈေးနှုန်းများ မြင့်မားမှုနှင့် လုပ်သားရှားပါးမှုများကြောင့် အမြတ်ရရှိမှုနည်းပါးလာသည့်အတွက် ယခုနောက်ပိုင်း၌ သီးနှံစိုက်ဧကများလည်း သိသိသာသာကျဆင်းလာကြောင်းလည်း တောင်သူများထံမှ သိရပါတယ်။

လက်ရှိတွင်လည်း ပြည်တွင်းသခွားမွှေး ဈေးကွက်တွင် အရောင်းအဝယ် ပါးလျက်ရှိပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အခြေအနေများကြောင့် တရုတ်သို့ သခွားမွှေး တင်ပို့နိုင်ခြင်းမရှိသေးဘဲ  ပြည်တွင်းဈေးကွက်ကိုသာ အားထားရောင်းချနေရကြောင်း သိရပါတယ်။ 

“တရုတ်နိုင်ငံကို ပို့နိုင်တုန်းကဆိုရင်တော့ အမြတ်က အခုထက် ၂ ဆ၊ ၃ ဆရတယ်။ အခုကျ အရင်းမရှုံးအောင်ကိုမနည်းရောင်းနေရတာ။ အခုထိတော့ ရှုံးတော့မရှုံးသေးဘူး အမြတ်တော့နည်းတယ် ” လို့ သခွားမွှေးစိုက်တောင်သူတစ်ဦးက ပြောပါတယ်။ 

လက်ရှိတွင် ခြံပြတ်ဝယ်ဈေးနှုန်းများမှာ နေရာဒေသအလိုက် ကွဲပြားလျက်ရှိပြီး ပျမ်းမျှတစ်လုံးကို ငွေကျပ် ၁၀၀၀ မှ ၁၅၀၀ ဝန်းကျင်သာရရှိကြောင်း သိရပါတယ်။

Photos – ခွာညိုသစ်သီးပွဲရုံ 

Your Ad Here
Ad Size: 336x280 px

More News