ဘရာဇီးနိုင်ငံ အတ္တလန္တိတ်သစ်တောဒေသမှာ အဓိကတွေ့ရတဲ့ Copaifera lucens သစ်ပင်ရဲ့ အရွက်တွေကနေ ထုတ်ယူရရှိတဲ့ သဘာဝဒြပ်ပေါင်းတွေဟာ ကိုဗစ်-၁၉ ဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်ကို နည်းလမ်းမျိုးစုံနဲ့ တားဆီးနိုင်ကြောင်း သုတေသနတစ်ရပ်က ဖော်ပြလိုက်ပါတယ်။
အဆိုပါဒြပ်ပေါင်းတွေထဲမှာ ပါဝင်တဲ့ Galloylquinic acids ဟာ ဗိုင်းရပ်က လူ့ဆဲလ်ထဲဝင်ရောက်တာကို တားဆီးနိုင်သလို ဗိုင်းရပ်ပွားများမှုနဲ့ ဗိုင်းရပ်ပရိုတင်း ထုတ်လုပ်မှုတွေကိုလည်း လျှော့ချနိုင် ကြောင်း ဓာတ်ခွဲခန်းစမ်းသပ်မှုတွေမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ရောင်ရမ်းမှုကိုလျှော့ချနိုင်ပြီး ကိုယ်ခံအားတုံ့ပြန်မှုကို ထိန်းညှိပေးနိုင်တဲ့ အာနိသင်တွေရှိနိုင်ကြောင်း လည်းသိရပြီး အဆိုပါ ဒြပ်ပေါင်းတွေဟာ ဗိုင်းရပ်ရဲ့ ပစ်မှတ်တစ်ခုတည်းကိုမဟုတ်ဘဲ နည်းလမ်းအမျိုးမျိုးနဲ့တစ်ပြိုင်နက်တည်း သက်ရောက်နိုင်တာကြောင့် ဆေးယဉ်ပါးမှုဖြစ်ပေါ်နိုင်ခြေကို လျှော့ချနိုင်မယ့် အလားအလာရှိတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။
သို့သော် လက်ရှိတွေ့ရှိချက်တွေဟာ ဓာတ်ခွဲခန်းစမ်းသပ်မှုအဆင့်သာရှိသေးတာကြောင့် လူနာတွေအတွက် ကိုဗစ်-၁၉ ကုသဆေးအဖြစ် အသုံးပြုနိုင်ခြင်း ရှိ၊ မရှိ သိရှိနိုင်ဖို့ သက်ရှိသတ္တဝါများတွင် စမ်းသပ်မှုများနှင့်လူသားများတွင် ဆေးဘက်ဆိုင်ရာစမ်းသပ်မှုများ ထပ်မံပြုလုပ်ရန်လိုအပ်နေပါသေးတယ်လို့ လည်း သိရပါတယ်။
ကိုဗစ်_၁၉, ဘရာဇီးသစ်ပင်,
Photos- MWD






