[latest_news_marquee]

နီပေါရေဘေး သေဆုံးသူ ၄၀၀ နီးပါရှိလာပြီး လူ ၁,၀၀၀ ကျော် ပျောက်ဆုံးနေဆဲ ဟုဆို 

တရုတ်-နီပေါ နယ်စပ် ဟိမဝန္တာတောင်တန်းဒေသမှာဖြစ်ပွားတဲ့ အလွန်ပြင်းထန်တဲ့ ရေကြီးမှုနဲ့ ရွှံ့ညွန်ပြိုကျမှု ကြောင့် သေဆုံးသူ ၃၈၉ ဦးအထိရှိလာပြီး နိုင်ငံခြားသား ရာပေါင်းများစွာအပါအဝင် လူ ၁၀၀၀ ကျော် ပျောက်ဆုံး နေကြောင်း ယင်းဒေသ၏ တာဝန်ရှိသူများက ထုတ်ပြန်ထားပါတယ်။ 

လက်ရှိအချက်အလက်တွေအရ တရုတ်ဘက်မှာ ၅၅၈ ဦး ပျောက်ဆုံးနေသလို နီပေါဘက်မှာတော့ ပျောက်ဆုံးသူ ၆၆၇ ဦးအထိရှိနေပြီးပျောက်ဆုံးနေသူတွေထဲမှာ အိန္ဒိယ၊ အမေရိကန်၊ မလေးရှားနဲ့ဗြိတိန်အပါအဝင် နိုင်ငံပေါင်း ၂၄ နိုင်ငံကျော်မှ နိုင်ငံခြားသားခရီးသွား ၅၄၀ ကျော် ပါဝင်နေပြီး အများစုဟာ ဘုရားဖူးဧည့်သည်တွေဖြစ်တယ်လို့ လည်း သိရပါတယ်။

ဒီသဘာဝဘေးဟာ နီပေါဘက်ရှိ မြင့်မားတဲ့ရေခဲမြစ်ပြိုကျရာကနေ စတင်ခဲ့တာလို့ ပညာရှင်တွက ဆိုထားပြီး ရေခဲထုပြိုကျမှုဟာ ပြင်းအား ၅ ဒသမ ၂ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခုနဲ့ညီမျှတဲ့စွမ်းအင်ကို ထုတ်လွှတ်ပြီး ရွှံ့ညွန်တွေနဲ့အတူရေတွေက တရုတ်နယ်စပ် ဂျီရုန်းဂိတ်ဆီ ဒလဟောစီးဆင်းရိုက်ခတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

တရုတ်အစိုးရက ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၅၀၀  ကျော်နှင့် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေသလို လက်ရှိမှာတော့ လမ်းပန်း ဆက်သွယ်ရေး၊လျှပ်စစ်နဲ့ဖုန်းလိုင်းတွေ လုံးဝပြတ်တောက်နေတာကြောင့်  အခင်း ဖြစ်ပွားရာနေရာတွေနဲ့ တိုက်ရိုက်ဆက်သွယ်ဖို့ခက်ခဲနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

Photos- MOI, Intrenet

Your Ad Here
Ad Size: 336x280 px

More News