မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ကျပ်ပြင်အနောက်ပိုင်း၊ ပန်းမပတ္တမြားသျှိုရပ်ကွက်နှင့် အောင်သစ်လွင်ရပ်ကွက်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကမ်းပါးပြိုပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ယနေ့ ဩဂုတ် ၅ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
ယနေ့မနက်ပိုင်းက အထက်ပါ ရပ်ကွက် ၂ ခုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကမ်းပါးပြို၍ လူနေအိမ်များအတွင်းသို့ မြေစာများဝင်ရောက်ခဲ့ပြီး မိုးကုတ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရ တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ တယ်လို့ မြန်မာနိုင်ငံ မီသတ်တပ်ဖွဲ့မှ သိရပါတယ်။
Photo- MFSD






