[latest_news_marquee]

ရန်ကုန်မှာ မီးပွိုင့်ပေါင်း ၃၅၀ ကျော်ရှိတဲ့အနက် Countdown timer စနစ်ပါရှိသော မီးပွိုင့် ၂၂၀ နီးပါးဖြင့် ထိန်းချုပ်ဆောင်ရွက်နေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးပွိုင့်ပေါင်း ၃၅၇ ပွိုင့်ရှိပြီး Countdown timer စနစ်ပါရှိသော မီးပွိုင့် ၂၁၈ ပွိုင့်ဖြင့် ထိန်းချုပ်ဆောင်ရွက်လျက်ရှိနေတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောပါတယ်။ 

ထိုမီးပွိုင့်များမှာ အရေးကြီးပုဂ္ဂိုလ်နှင့် ဧည့်သည်တော်လမ်းကြောင်းများ၊ တပ်ဘက်၊ အရပ်ဘက်နှင့် နိုင်ငံတကာဧည့်သည်တော်လမ်းကြောင်းများတွင် မီးပွိုင့်အားဖြတ်သန်းသွားလာသည့် အချိန်တွင်သာ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ Manual စနစ်ဖြင့် မြေပြင်ကွင်းဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။  

အဆိုပါ လမ်းကြောင်းများမှလွဲ၍ ကျန်အချိန်များ၌ ယာဉ်သွားလာမှုပမာဏပေါ် မူတည်ကာ သတ်မှတ်ထားသော Traffic Controller ၏ Timing Pattern များအတိုင်း မီးပွိုင့်စနစ်အား ထိန်းချုပ်ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

ထို့အပြင် မည်သည့် မီးပွိုင့်မဆို မီးပျက်ပါက ယာဉ်ထိန်းရဲတာဝန်ချထားကာ ယာဉ်လမ်းရှင်းလင်းဆောင်ရွက်ပေးသွားရန် ညွှန်ကြားထားပြီးဖြစ်ကြောင်းနှင့် တာဝန်ပျက်ကွက်ပါက ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံခွင့်ပြုအင်အားအရ အရာရှိ ၄၂၈ ဦး၊ အခြားအဆင့် ၁၄၂၇ ဦး ၊ စုစုပေါင်း ၁၈၅၅ ဦးဖြစ်ပြီး လက်ရှိအင်အားမှာ အရာရှိ ၁၄၉ ဦး၊ အခြားအဆင့် ၆၇၉ ဦး၊ စုစုပေါင်း ၈၂၈ ဦးသာရှိသည့်အတွက် အရာရှိ ၂၇၉ ဦး၊ အခြားအဆင့် ၇၄၈ ဦး၊ စုစုပေါင်း ၁၀၂၇ ဦး လိုအပ်လျက်ရှိနေသေးတာကြောင့် ရဲတပ်သားသစ်များ တိုးမြှင့်စုဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့လည်း ဗိုလ်မှူးကြီး ဝင်းတင့်က ဩဂုတ် ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့  တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့မှာ ပြောကြားခဲ့ပါတယ်။

ရန်ကုန်မီးပွိုင့်, မီးပွိုင့်, TrafficController, Countdowntimer, TimingPattern,

Your Ad Here
Ad Size: 336x280 px

More News