[latest_news_marquee]

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၈ လအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား ၄ ဒသမ ၈ သန်းကျော် လာရောက်ခဲ့

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ၈ လတာကာလအတွင်း ဘုရားဖူး ၄ ဒသမ ၈ သန်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။

အဆိုပါ ကာလအတွင်း ပြည်တွင်း ပြည်ပဘုရားဖူးဝင်ရောက်မှုများအနေဖြင့် သံဃာတော် ၈၅,၅၇၂ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၄၂,၉၁၉ ပါး၊ အမျိုးသား ၂,၁၂၂,၀၃၉ ဦး၊ အမျိုးသမီး ၂,၅၄၂,၈၃၄ ဦး၊ နိုင်ငံခြားသား ၂၆,၂၆၅ ဦး၊ နိုင်ငံခြားသူ ၂၆,၀၆၉ ဦး၊ စုစုပေါင်း ၄,၈၄၅,၆၉၈ ဦး ဖြစ်ကြောင်း သိရပါတယ်။

ထို့အပြင် ပြည်တွင်းပြည်ပ ဘုရားဖူးဝင်ရောက်မှုသည် ရုံးဖွင့်ရက်များတွင် တစ်ရက်လျှင် အနည်းဆုံးလူဦးရေ တစ်သောင်းဝန်းကျင်ရှိပြီး အစိုးရရုံးပိတ်ရက်များနှင့် နေ့ကြီးရက်ကြီးများတွင် ပိုမိုများပြားကြောင်း သိရပါတယ်။

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ပွင့်လင်းရာသီတွင် ပြည်တွင်းပြည်ပဘုရားဖူး ဝင်ရောက်မှုများသော်လည်း မိုးရာသီကာလများတွင် ဘုရားဖူးဝင်ရောက်မှု နည်းပါးကြောင်းနှင့် လအလိုက် ပြည်တွင်းပြည်ပ ဘုရားဖူးဝင်ရောက်မှုများအနေဖြင့် ဇန်နဝါရီလက ၅ သိန်းကျော်၊ ဖေဖော်ဝါရီလက ၈ သိန်းကျော်၊ မတ်လက ၆ သိန်းကျော်၊ ဧပြီလက ၈ သိန်းကျော်၊ မေလက ၆ သိန်းကျော်၊ ဇွန်လက ၄ သိန်းကျော်၊ ဇူလိုင်လက ၅ သိန်းဝန်းကျင်နှင့် ဩဂုတ်လက ၄ သိန်းကျော်ရှိကြောင်း သိရပါတယ်။

ရွှေတိဂုံစေတီတော်ကြီးသို့ နေ့စဉ် နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ လာရောက်ဖူးမြော်နိုင်ကြောင်း သိရပါတယ်။

Photo – MFN

Your Ad Here
Ad Size: 336x280 px

More News