[latest_news_marquee]

၄ လအတွင်း ပြည်ပသို့ ငါး မက်ထရစ်တန် ၆၆၀၀၀ ကျော်တင်ပို့ထားပြီး ကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိထား

၂၀၂၆-၂၇ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ  ၄ လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ ရေထွက်ကုန် ငါးမက်ထရစ်တန် ၆၆,၀၀၀ ကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

အဆိုပါ ကာလအတွင်း ပုံမှန်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၄၃,၃၆၅ ဒသမ ၇၂၃ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၆၉၂ သန်းရရှိခဲ့ကာ နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန် ၂၃,၂၇၀ ဒသမ ၃၂၃ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၈၈၇ သန်းရရှိခဲ့သည့်အတွက် စုစုပေါင်းငါးမက်ထရစ်တန် ၆၆,၆၃၆ ဒသမ ၀၅၅ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀၁ ဒသမ ၅၇၉ သန်း နိုင်ငံခြားဝင်ငွေရရှိထားကြောင်း ၎င်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြည်တွင်းမှ ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ ဘဏ္ဍာရေးနှစ်အလိုက် ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့ကြောင်း သိရပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် နိုင်ငံပေါင်း ၃၀ ကျော်သို့ တင်ပို့လျက်ရှိရာ ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ငါးတင်ပို့မှု တန်ချိန် ၄၆၃,၇၈၈ ဒသမ ၃၉ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာသန်း ၆၈၉ ဒသမ ၁၅၀ ရရှိခဲ့ကာ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ကို အဓိကတင်ပို့လျက်ရှိပြီး ယခင်ဘဏ္ဍာနှစ်ထက် ပိုမိုတင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

ဘဏ္ဍာနှစ်အလိုက် ပြည်ပသို့ ငါးတင်ပို့မှုအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃၃၆,၀၆၈ ဒသမ ၅၂၁ တန် တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၄၈၀ ဒသမ ၆၆၆ သန်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၅၁၄,၈၄၁ ဒသမ ၃၆၇ တန်တင်ပို့ခဲ့ကာ အမေရိကန်ဒေါ်လာ ၇၇၄ ဒသမ ၂၂၇ သန်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၅၂၂,၅၆၅ ဒသမ ၈၁၄ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၂၉ ဒသမ ၄၂၂ သန်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၅၅၃,၈၉၃ ဒသမ ၂၂၆ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၂၂ ဒသမ ၄၆၇ သန်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၄၆၃,၇၈၈ ဒသမ ၃၉၀ တန် တင်ပို့ခဲ့ကာ အမေရိကန်ဒေါ်လာ သန်း ၆၈၉ ဒသမ ၁၅၀  အသီးသီး ရရှိခဲ့ကြောင်း ၎င်းဦးစီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။

ငါးတင်ပို့မှု, ပို့ကုန်, စီးပွားရေး,

Photos – MOI 

Your Ad Here
Ad Size: 336x280 px

More News