မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာမှာရှိတဲ့ ပေါက်စိမ်း သာမဏေကျော် စာသင်တိုက်မှာ ဩဂုတ်လ၂၆ ရက်နေ့ ၁၁ နာရီဝန်းကျင်ခန့်က သံဃာတော်တွေ နေ့ဆွမ်း ဘုန်းပေးအပြီးမှာ စာသင်သားကိုရင်နဲ့သံဃာတော် အပါး ၇၀ ကျော်အစာအဆိပ်သင့်မှုဖြစ်လို့ ဆေးရုံတွေကို ပို့ဆောင်ပေးထားရတယ်လို့ သိရပါတယ်။
အစာအဆိပ်သင့်မှုခံစားခဲ့ရတဲ့ သံဃာတော်တွေကို အုန်းချောဆေးရုံ၌ ၄၆ ပါး၊ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ၃၀ ပါး ပို့ဆောင်ပေးထားပြီး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
အဆိုပါ အစာအဆိပ်သင့်တဲ့ဖြစ်စဉ်အတွက် သက်ဆိုင်ရာဌာနတွေနဲ့ မန္တလေးက လူမှုရေးအသင်းများ ပူးပေါင်းကာ သံဃာတော်တွေကို ဆေးရုံပို့ဆောင်ပေးခဲ့ပြီး စိုးရိမ်စရာအခြေအနေတော့ မရှိကြောင်းလည်း လူမှုကယ်ဆယ်ရေး အဖွဲ့အချို့ထံက သိရပါတယ်။
ပေါက်စိမ်းသာမဏေကျော်စာသင်တိုက်မှာ စာသင်သားသံဃာ အပါး ၁၆၀ ကျော်ရှိပြီး အခြေခံကစလို့ သာမဏေကျော်ဘွဲရတဲ့အထိ သင်ကြားပေးနေတဲ့ ကျောင်းတိုက်ကြီးဖြစ်တယ်လို့လည်း သိရပါတယ်။
Photos- MOI






