[latest_news_marquee]

ဗိုလ်ချုပ်အောင်ဆန်းဈေး ရာပြည့်ပွဲတော်ကျင်းပရန် ပြင်ဆင်မှု ၈၀ ရာခိုင်နှုန်း ပြီးစီး

သက်တမ်းနှစ်(၁၀၀)ပြည့်မြောက်ပြီဖြစ်သည့် သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်းဈေးကြီး၏ ရာပြည့်ပွဲတော်ကြီးကို လာမည့် အောက်တိုဘာ ၇ ရက်မှ ၁၁ ရက်အထိ ၅ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်ကျင်းပနိုင်ရန်အတွက် ၄ လခန့် ကြိုတင်ပြင်ဆင်ခဲ့ကာ လက်ရှိတွင် ပြင်ဆင်မှု ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်းဈေး ရာပြည့်ပွဲတော်ကြီးကျင်းပရေး တာဝန်ရှိသူထံမှ သိရပါတယ်။

အဆိုပါ ပွဲတော်ကြီးကို သမိုင်းဝင်အဆောက်အအုံ၏ ဗိသုကာလက်ရာများ၊ ယဉ်ကျေးမှုများအား လူငယ်များလေ့လာသိရှိနိုင်ရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း တစ်နေရာတည်းတွင် ချိတ်ဆက်ရောင်းချနိုင်ရန်၊ မတူညီသည့် Generation အသီးသီး လာရောက်တွေ့ဆုံနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ်။

ပွဲတော်အတွင်း အထူးခြားဆုံး အစီအစဉ်များအဖြစ် (၂၀ x ၁၀) ပေရှိ ပန်းချီကားကြီးကို ၅ ရက်တိုင်တိုင် ရေးဆွဲပြသမည်ဖြစ်ပြီး လက်မှုပညာသင်တန်းများ၊ ခေတ်ဆက်ဆက် ဝတ်စားဆင်ယင်မှုပြပွဲများ၊ တိုင်းရင်းသားဝတ်စုံ Photo Booth များ၊ ခေတ်သုံးခေတ်ကို ခွဲ၍ Fashion Designer များနှင့် လာရောက်မည့် အမျိုးသမီးများအတွက် ဆုပေးမည့်အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။

ဈေးပွဲတော်ကြီးတွင် ဆိုင်ခန်းပေါင်း ၁၁၁ ခန်းပါဝင်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်ဆိုင်ခန်း ၃၂ ခန်း ပါဝင်မည်ဖြစ်ကာ ပိုးထည်၊ ချည်ထည်၊ လက်ဖက်၊ ဒေသထွက်ကုန်ပစ္စည်းများနှင့် နိဗ္ဗာန်ကုန်များ စုံလင်စွာရောင်းချသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Photo – Internet

Your Ad Here
Ad Size: 336x280 px

More News