ထိုင်းနိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ယနေ့ ဩဂုတ် ၆ ရက် မနက်ပိုင်းက ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဂုဏ်ပြုတပ်ဖွဲဖြင့် ကြိုဆိုပြီး တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် တို့ဟာ ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံအစိုးရအိမ်တော် ဧည့်ခန်းမ၌ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အာဆီယံနှင့် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ရေး ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
ထို့နောက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးပွဲကို အစိုးရအိမ်တော် Pakdi Bodin Building ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ဦးဆောင်တဲ့ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ပြီး
နားလည်မှုစာချွန်လွှာများနှင့် သဘောတူစာချုပ်များ အပြန်အလှန်လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
Photos- PPIB






