(၂၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (23rd China-ASEAN Expo – CAEXPO 2026) တွင် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် ဒေသထွက်ကုန်များကို ပါဝင်ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း MSME ထုတ်ကုန်များ သွားရောက်ပြသနိုင်ရေး ညှိနှိုင်းအစည်းအဝေးမှ သိရပါတယ်။
အဆိုပါ ကုန်စည်ပြပွဲတွင် MSME ထုတ်ကုန်များ သွားရောက်ပြသနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၁၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆန်စပါးနှင့် ပဲအမျိုးမျိုး ထွက်ရှိသည့် တိုင်းဒေသကြီးဖြစ်၍ တန်ဖိုးမြှင့်ဆန်နှင့် ပြည်ပပို့ကုန်အဆင့်မီသော တန်ဖိုးမြှင့်ပဲအမျိုးမျိုးကို တိုက်ရိုက်ချိတ်ဆက်တင်ပို့ရောင်းချနိုင်ရေး Information Center တစ်ခုထည့်သွင်းပြသရန် ပြောကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်ခဲ့တဲ့ တိုင်းဒေသကြီးဝန်ကြီးများက ပြခန်းများခင်းကျင်းပြသနိုင်ရေး ပြည်ပဈေးကွက်ခိုင်မာစွာရရှိရေး၊ (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲခရီးစဉ်နှင့် ခင်းကျင်းပြသသွားမည့် MSME ဒေသထွက်ကုန်ပစ္စည်းများ၏ အခြေအနေများနှင့် တောင်ငူကွန်ပျူတာတက္ကသိုလ်နှင့် ပြည်ကွန်ပျူတာတက္ကသိုလ်တို့မှ ဒေသထွက်ကုန်များကို တစ်နေရာတည်း လွယ်ကူစွာချိတ်ဆက်ဝယ်ယူနိုင်ရေးအတွက် Bago-productzone Website နှင့် Mobile Application တည်ဆောက်ပြီးစီး၍ e-Service ဖြင့် စတင်ဆောင်ရွက်နိုင်သည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် ပုဂ္ဂလိက MSME လုပ်ငန်းရှင်များ လိုက်ပါပြသနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးမည့်အခြေအနေနှင့် ပုဂ္ဂလိက MSME လုပ်ငန်းရှင်များက ပြသသွားမည့်ကုန်စည် တစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ သိရသည်။
(၂၃) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (23rd China-ASEAN Expo – CAEXPO 2026) ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်းမြို့ (Nanning) ရှိ နန်နင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲဗဟိုဌာန (Nanning International Convention & Exhibition Center) တွင် လာမည့် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
တရုတ်_အာဆီယံ, ကုန်စည်ပြပွဲ, ပဲခူး, 23rdChina_ASEANExpo #CAEXPO2026,






