ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ရေနံရပ်ကွက်၊ အမှတ်(၁)ရေနံချက်စက်ရုံဝင်း အတွင်းရှိ စက်ကန် (ရေလှောင်ကန်)သည် သြဂုတ် ၁၀ရက် ညနေ ၅ နာရီခွဲက တာပေါက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ဩဂုတ် ၁၂ ရက်နေ့အထိ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
တာပေါက်မှုဖြစ်ပွားခဲ့သည့်နေရာတွင် အမြင့် ၉ ပေ၊ ထု ၇ ပေ၊ အရှည် ၃၀ ပေ သဲအိတ်များချ၍ တုတ်ရိုက်ခြင်း၊ ကျောက်အိတ်များချ၍ တုတ်ရိုက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ရေပမာဏအား ဆက်လက်လျှော့ချရန်အတွက် Hydrosub 60 ရေစုပ်စက် အကြီး ၃ လုံး၊ အပေါ့စား မီးသတ်စက် ၆ လုံး၊ (22 hp) Incline Submersible pump ၂ လုံး၊ YCDC မှ pump တစ်လုံးတို့ဖြင့် ရေစုပ်ထုတ်ခြင်း လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
အဆိုပါ လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စက်ရုံဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ အင်အား ၆၁၅ ဦးဖြင့် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
Photo- MOI






