၅ နှစ်ကြာ ရပ်နားထားခဲ့သည့် Scania Marcopolo Torino Low Entry City Bus များကို ယခု ဩဂုတ်လမှစတင်၍ ဆူးလေ–ဒလ (ဝန်ထမ်းအိမ်ရာ) ယာဉ်လိုင်းတွင် ပြန်လည်ပြေးဆွဲပေးနေတယ်လို့ ရပါတယ်။
အဆိုပါ City Bus များကို မူလက BRT Lite စနစ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း YBS 37 ယာဉ်လိုင်းအဖြစ် ပြောင်းလဲပြေးဆွဲခဲ့ကာ အချိန်အတန်ကြာ ရပ်နားထားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ယခုအခါတွင် ယာဉ်လိုင်းလိုအပ်နေသည့် ဒလမြို့နယ်အတွက် Scania Marcopolo ဘတ်စ်ကားများကို YBS ဆူးလေ–ဒလ ယာဉ်လိုင်း၌ ပြန်လည်ပြေးဆွဲပေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ဘတ်စ်ကားသည် လက်ရှိ ဆူးလေ–ဒလ (ဝန်ထမ်းအိမ်ရာ) ယာဉ်လိုင်းအပြင် ဆူးလေ–ဒလ (ကျောင်းရှေ့)၊ ဆူးလေ–ဒလ (ချယ်ရီ သင်္ဘောဆိပ်) နှင့် ဒလ–တွံတေး ယာဉ်လိုင်းများကိုလည်း နေ့စဉ်နံနက် ၅ နာရီမှ ၆ နာရီအတွင်း စတင်ပြေးဆွဲပြီး ညနေ ၆ နာရီမှ ၇ နာရီအထိ ဝန်ဆောင်မှုပေးလျက်ရှိတယ်လို့ သိရပါတယ်။
ထိုသို့ ပြေးဆွဲပေးနေသည့်အပေါ် ခရီးသည်တစ်ဦးက “BRT Lite လိုင်းဆွဲစဉ်ကတည်းက လူကြိုက်များခဲ့ပါတယ်။ ရပ်ဆိုင်းခဲ့တာ နှစ်ချီကြာပြီးမှ အခုလို ပြန်လည်ပြေးဆွဲပေးတဲ့အတွက် ခရီးသည်တွေအတွက်တော့ အလွန်အဆင်ပြေပါတယ်” လို့ မှတ်ချက်ပြုထားပါတယ်။
ဆူးလေ_ဒလ, ယာဉ်လိုင်း, ScaniaMarcopolo, BRTLite,






