ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းအေဂျင်စီ(ROSATOM)နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး သိပ္ပံပွဲတော် ၂၀၂၆ (Science Festival 2026) ကို ယခုနှစ် ဒီဇင်ဘာလဆန်းမှာ ကျင်းပရန်လျာထားတယ်လို့ သိရပါတယ်။
လူငယ်ထုအတွင်း သိပ္ပံပညာကို ပိုမိုစိတ်ဝင်စားစေရန်၊ သိပ္ပံပညာဆိုင်ရာ အသစ်အဆန်းတွေ လေ့လာစူးစမ်းလိုစိတ် ဖြစ်ပေါ်လာစေရန်၊ ပညာရေးကဏ္ဍမှာ လူငယ်တွေရဲ့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်ရန်၊ နိုင်ငံအတွင်း နျူကလီးယား စွမ်းအင်ဆိုင်ရာ အသိပညာတွေ ပြန့်ပွားလာစေရန်နှင့် သိပ္ပံနဲ့ နျူကလီးယားစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာမှာ များစွာအထောက်အကူပြုနိုင်ရန်တို့အတွက် ကျင်းပသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
သိပ္ပံပွဲတော်ကို ၂၀၂၃ ခုနှစ်မှစပြီး နျူကလီးယားနည်းပညာ သတင်းအချက် အလက်စင်တာ (NTIC) နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်(YTU)တို့တွင် နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် NTIC နှင့် YTU အပြင် National State Polytechnics University (NSPU) တွင်လည်း ကျင်းပပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
Video Credit – MRTV






