အသီးမှရတဲ့ သကြားတစ်မျိုးက အသက်ရှင်ဆဲဖြစ်တဲ့ ကင်ဆာဆဲလ်တချို့အတွက် စွမ်းအင်ဖြစ်ပေးရုံသာမက ကင်ဆာဆဲလ် အချင်းချင်းကြားမှာလည်း သတင်းစကားပါးသူအဖြစ် တာဝန်ထမ်းဆောင်ခြင်းဖြစ်တာကို သုတေသီများကတွေ့ရှိထားတယ်လို့ သိရပါတယ်။
ဓာတုကုထုံးအသုံးပြုကုသမှုအများစုမှာ ကင်ဆာရောဂါပြန်ဖြစ်တာကိုတွေ့ရခြင်းက ဘာကြောင့်လဲဆိုတာကို ယခု သုတေသနက အဖြေဖော်ထုတ်ပေးလိုက်နိုင်တာဖြစ်တယ်လို့လည်း သိရပါတယ်။
သူတို့ရဲ့လေ့လာချက်အရ ဓာတုကုထုံးကြောင့် ကင်ဆာဆဲလ်တချို့ဟာ ပျက်စီးသွားပေမယ့် အပြီးတိုင်ပြိုကွဲခြင်းမရှိတဲ့အတွက် ဇီဝဗေဒနည်းအရဆိုရင် အသက်ရှင်နေဆဲဖြစ်တယ်လို့ဆိုနိုင်ကြောင်း သုတေသီတွေက ဆိုထားပါတယ်။
သားအိမ်ကင်ဆာလိုမျိုး ကင်ဆာဆဲလ်တွေကို ဓာတုကုထုံးက ဖျက်ဆီးလိုက်နိုင်ပေမယ့်လည်း တချို့မပျက်စီးဘဲကျန်ရစ်ခဲ့တဲ့ကင်ဆာဆဲလ်တွေက အလွန်အန္တရာယ်ကြီးတဲ့အခြေအနေဆီ ရောက်ရှိသွားနိုင်တာကို သုတေသီတွေက တွေ့ရှိထားပြီး အဆိုပါ အချိန်မှာ အသီးမှ ရတဲ့သကြားတစ်မျိုးက အသက်ရှင်ဆဲဖြစ်တဲ့ကင်ဆာဆဲလ်တချို့ ဆက်လက်ရှင်သန်ပျံ့နှံ့စေနိုင်ဖို့ ကူညီပေးတာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။
Photo- MWD






