[latest_news_marquee]

တနင်္သာရီတိုင်း ရေပိုက်နက်အတွင်း ကမ်းလွန်လုပ်ကွက်အမှတ် M-15 စီမံကိန်းဆောင်ရွက်မယ်

တနင်္သာရီတိုင်းဒေသကြီး ရေပိုင်နက်အတွင်း ကမ်းလွန်လုပ်ကွက်အမှတ် M-15 စီမံကိန်းဆောင်ရွက်မယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။

အဆိုပါ ကမ်းလွန်လုပ်ကွက်အမှတ် M-15 စီမံကိန်းဟာ မုတ္တမကမ်းလွန်ဒေသ တောင်ဘက်ပိုင်း၊ မြိတ်မြို့၏ အနောက်ဘက် ၉၆ ဒသမ ၇၂ မိုင်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၏ ကမ်းလွန်ပင်လယ်ပြင်တွင် တည်ရှိကာ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက်ဖြစ်သည့် M-12၊ M-13၊ M-14 နှင့် ချိတ်ဆက်လျက်ရှိပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် M-15 ရေနံနှင့် သဘာဝဓာတ်ငွေ့ စူးစမ်းရှာဖွေတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ယင်းစီမံကိန်းနဲ့ပတ်သက်လို့ ထားဝယ်မြို့၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့သို့ ဩဂုတ် ၁၀ ရက်နေ့က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် CFG Energy Pte. Ltd တို့က ကမ်းလွန်လုပ်ကွက်အမှတ် (M-15) ရေနံရှာဖွေရေး တွင်းတူးဖော်ခြင်း လုပ်ငန်းများအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) လုပ်ငန်းများ ဆောင်ရွက်ခြင်းဆိုင်ရာ ပဏာမရှင်းလင်းတင်ပြခြင်းကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ထိုသို့ ရှင်းလင်းရာတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အထွေထွေမန်နေဂျာ (ကမ်းလွန်) က ဆွေးနွေးတင်ပြခြင်း ရည်ရွယ်ချက်နှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များအားလည်းကောင်း၊ CFG Energy Pte. Ltd Chairman Mr. Songning Shen က စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအားလည်းကောင်း၊ ကုမ္ပဏီမှ တာဝန်ရှိသူများက (M-15) ကမ်းလွန်လုပ်ကွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေးအစီအစဉ် စီမံကိန်းဆိုင်ရာ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း၊ ဒေသခံများနှင့် ဆက်ဆံရေး၊ စည်းရုံးရေး ဆောင်ရွက်ထားရှိမှု၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့တယ်လို့လည်း သိရပါတယ်။

M – 15 လုပ်ကွက်ဟာ တနင်္သာရီတောင်ပိုင်း၊ မြိတ်ခရိုင်ထဲက အကြီးဆုံးကျွန်းဖြစ်တဲ့ ကတန်ကျွန်းကြီးရဲ့ အနောက်ဘက်မှာ စတုရန်းကီလိုမီတာ ၁၃,၀၀၀ ကျော်ရှိတဲ့ လုပ်ကွက်ကြီးဖြစ်ပြီး CFG နှင့် MOGE တို့ကြား ၂၀၁၅ ခုနှစ် မတ်လမှာ ထုတ်လုပ်မှု ခွဲဝေခံစားရေးစာချုပ် (PSC) ရေးထိုးထားခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

Photo- Internet

Your Ad Here
Ad Size: 336x280 px

More News