[latest_news_marquee]

တနင်္သာရီတိုင်းတွင် ကွမ်းသီး ဧက ၁၃၀,၀၀၀ ကျော် စိုက်ပျိုးထားကာ ရန်ကုန်နှင့် မန္တလေးမြို့များမှတစ်ဆင့် အိန္ဒိယနှင့် တရုတ်နိုင်ငံများသို့ အဓိကတင်ပို့နေ

တနင်္သာရီတိုင်းဒေသကြီးတွင် ကွမ်းသီးစိုက် ဧက ၁၃၀,၀၀၀ ကျော် စိုက်ပျိုးထားရှိပြီး ထွက်ရှိလာသည့်ကွမ်းသီးများကို ထားဝယ်၊ မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့များရှိ ကွမ်းသီးဒိုင်ကြီးများမှ ဝယ်ယူ၍ ရန်ကုန်နှင့် မန္တလေးမြို့သို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိကာ ထိုမှတစ်ဆင့် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံ သို့ အဓိကတင်ပို့နေခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။

လက်ရှိ ၂၀၂၆-၂၀၂၇ ခုနှစ် ဇူလိုင်လကုန်အထိ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအလိုက် ကွမ်းသီးစိုက်ပျိုးမှု အနေဖြင့် ထားဝယ်ခရိုင်တွင် စုစုပေါင်း ၅၃,၉၂၅ ဧကစိုက်ပျိုးထားပြီး ထားဝယ်မြို့နယ်တွင် ၂၄,၆၆၄ ဧက၊ လောင်းလုံးမြို့နယ်တွင် ၁၃,၁၇ ဧက၊ သရက်ချောင်းမြို့နယ်တွင် ၁၇,၇၇၅ ဧက၊ ရေဖြူမြို့နယ်တွင် ၁၀,၁၆၉ ဧကတို့ပါဝင်ကြောင်း၊ မြိတ်ခရိုင်တွင် စုစုပေါင်း ၄၆,၀၈၉ ဧက စိုက်ပျိုးထားပြီး မြိတ်မြို့နယ်တွင် ၅,၉၇၀ ဧက၊ ကျွန်းစု မြို့နယ်တွင် ၅,၈၃၆ ဧက၊ ပုလောမြို့နယ်တွင် ၁၃,၂၀၀ ဧက၊ တနင်္သာရီမြို့နယ်တွင် ၂၁,၀၈၃ ဧကပါဝင်ကြောင်း သိရပါတယ်။

ထို့အတူ ကော့သောင်းခရိုင်တွင် စုစုပေါင်း ၅,၇၈၄ ဧက စိုက်ပျိုးထားပြီး ကော့သောင်းမြို့နယ်တွင် ၅,၃၇၆ ဧက၊ ခမောက်ကြီးမြို့နယ်တွင် ၄၀၈ ဧကပါဝင်ကြောင်း၊ ဘုတ်ပြင်းခရိုင် အနေဖြင့် စုစုပေါင်း ၃၃,၆၈၆ ဧက ကို စိုက်ပျိုးထားရှိပြီး ဘုတ်ပြင်းမြို့နယ်တွင် ၁၉,၆၀၄ ဧက၊ ကရသူရိမြို့နယ်တွင် ၂,၁၁၂ ဧက၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်တွင် ၁၁,၉၇၀ ဧကပါဝင်ကြောင်းနှင့်  တနင်္သာရီတစ်တိုင်းလုံးအနေဖြင့် စုစုပေါင်း ၁၃၉,၄၈၄ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရပါတယ်။

မြန်မာနိုင်ငံတွင် နှစ်ရှည်သီးနှံဖြစ်သည့် ကွမ်းသီးကို မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် အဓိက အများဆုံးစိုက်ပျိုးကြပြီး ပြည်တွင်းစားသုံးမှုလည်းရှိသလို ပြည်ပအိမ်နီးချင်းနိုင်ငံများသို့လည်း တင်ပို့လျက်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

ကွမ်းသီး, တနင်္သာရီတိုင်းဒေသကြီး, ကွမ်းသီးစိုက်ဧက, ပို့ကုန်,

Photos- MOI

Your Ad Here
Ad Size: 336x280 px

More News