ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့မှာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို အဝေရာမီးပုံးပျံကွင်းမှာ နိုဝင်ဘာလ ၁၈ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ၇ ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး မီးပုံးပျံပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များကို ဖိတ်ခေါ်ထားတယ်လို့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရိုးရုာမီးပုံးပျံ ပညာရှင်များအသင်းထံမှ သိရပါတယ်။
မီးပုံးပျံပွဲတော်အတွင်း နှစ်စဉ် ကျင်းပနေကျအတိုင်း နေ့လွှတ် အရုပ်ပြိုင်ပွဲ အရုပ်ခြေနှစ်ချောင်း၊ အရုပ်ခြေလေးချောင်း အရုပ်အုပ်စုတွေအပြင် ညလွှတ်ပြိုင်ပွဲမှာ ညမီးကြီးမီးပုံးပျံ၊ စိန်နားပန်မီးပုံးပျံတို့ကို လွှတ်တင်သွားမယ်လို့ သိရပါတယ်။
မီးပုံးပျံပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် စာရင်းများကို စက်တင်ဘာ ၁၇ မှ ရက်နေ့မှစတင်၍ ၂၇ ရက်နေ့ထိ နံနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်း အဝေရာမီးပုံးပျံကွင်းတွင် စတင်လက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ထို့အပြင် ပြိုင်ပွဲဝင် မီးပုံးပျံ အရေအတွက်နှင့် ရာသီဥတုအခြေနေပေါ်မူတည်ပြီး ပွဲရက် တိုးသွားနိုင်ကြောင်း ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရိုးရုာမီးပုံးပျံ ပညာရှင်များအသင်း တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
Video Credit – ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရိုးရုာမီးပုံးပျံ ပညာရှင်များအသင်း






