[latest_news_marquee]

သန်လျင် ရေနံချက်စက်ရုံ စီမံကိန်း အပိုင်း (၁) ကို စမ်းသပ်လည်ပတ်

ရေနံချက်စက်ရုံများ လျင်မြန်စွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ သန်လျင်ရေနံချက်စက်ရုံ စီမံကိန်း အပိုင်း (၁) ကို လည်ပတ်မှုနည်းစဉ် တစ်ဆင့်ချင်းအလိုက် စမ်းသပ်လည်ပတ်နေကြောင်း  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။

အဆိုပါ စမ်းသပ်လည်ပတ်မှုကို စက်တင်ဘာ ၁၄ ရက်နေ့က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့မှ သွားရောက်ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ထို့သို့ စစ်ဆေးစဉ်  ပြည်ထောင်စုဝန်ကြီးမှ ယနေ့အချိန်ကာလသည် ကမ္ဘာတစ်ဝန်းတွင် စက်မောင်းဆီ အခက်အခဲများဖြစ်ပေါ်လျက်ရှိသည့်အပြင် ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စက်မောင်းဆီကို စနစ်တကျသုံးစွဲနိုင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ ကိုယ်တိုင်ထုတ်လုပ်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခမဖြစ်မီက စက်မောင်းဆီများသည် ရေနံစိမ်းကုန်ကြမ်းထက် ၃၀ ရာခိုင်နှုန်းခန့်သာ ပိုမိုသော်လည်း ယခုအချိန်တွင် နှစ်ဆခွဲ ခန့်ထိ မြင့်တက်နေသည့်အတွက် ရေနံချက်စက်ရုံများ လျင်မြန်စွာ ပေါ်ထွက်လာစေရန် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ထို့အပြင် ယခုလည်ပတ်သည့်စက်ရုံသည် ထိန်းချုပ်မောင်းနှင်မှု၊ စောင့်ကြည့်မှု၊ ချိန်ညှိမှုများကို Control Room အတွင်းမှ ဆောင်ရွက်နိုင်သည့် ပထမဆုံးသော ရေနံချက်စက်ရုံဖြစ်သည်နှင့်အညီ ဝန်ထမ်းများကို စနစ်တကျ လေ့ကျင့်သင်ကြားပေးထားရန် လိုအပ်ကြောင်းတို့ကိုလည်း ၎င်းက မှာကြားခဲ့ကြောင်း သိရပါတယ်။

Your Ad Here
Ad Size: 336x280 px

More News