[latest_news_marquee]

မြန်မာကိုယ်စားပြု ဧရာဝတီအမျိုးသမီးအသင်း အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲ အောင်မြင်

မြန်မာကိုယ်စားပြု ဧရာဝတီအမျိုးသမီးအသင်းဟာ အမျိုးသမီးအာရှချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲအဆင့် အုပ်စုပွဲစဉ်အားလုံးကို အနိုင်ရရှိကာ ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရပါတယ်။

ဧရာဝတီအသင်းဟာ အမျိုးသမီးအာရှချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကို ဩဂုတ် ၂၃ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်းမှာ တရုတ်(တိုင်ပေ)ကလပ် New Taipei City အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ဧရာဝတီအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီအသင်းအတွက် အနိုင်ဂိုးကို ပွဲကစားချိန် ဒုတိယပိုင်း ၅၆ မိနစ်မှာ လူစားဝင်ကစားသမား လင်းမြင့်မိုရ်က သွင်းယူပေးခဲ့ပြီး မြန်မာကလပ်အသင်းက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဧရာဝတီအမျိုးသမီးအသင်းဟာ အမျိုးသမီးအာရှချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲ ၃ ပွဲကစားခဲ့ရပြီး စင်ကာပူကလပ် FC Jourong အသင်းကို ၄ ဂိုး ဂိုးမရှိ၊ လက်ဘနွန်ကလပ် No Limits FC အသင်းကို ၈ ဂိုး ဂိုးမရှိ၊ တရုတ်(တိုင်ပေ)ကလပ် New Taipei City အသင်းကို တစ်ဂိုး ဂိုးမရှိတို့ဖြင့် အုပ်စု ၃ ပွဲလုံး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

Photos- MFF

Your Ad Here
Ad Size: 336x280 px

More News