မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို အောက်တိုဘာ ၂၆ ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့)မှစ၍ ကဆုန်လပြည့်နေ့အထိ ၇ လတိုင် ကျင်းပသွားမှာဖြစ်တယ်လို့ စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရပါတယ်။
အဆိုပါ ပွဲတော်ကာလအတွင်းဘုရားဖူးပြည်သူများ သွားလာရေးအဆင်ပြေစေရန် တောင်တက်မော်တော်ယာဉ် ၁၅၂ စီးဖြင့် ပုံမှန်အတိုင်းပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီအပြင် ဘုရားဖူးပြည်သူများ တည်းခိုနေထိုင်ရေးအဆင်ပြေစေရန် ဟိုတယ်နှင့် တည်းခိုဆောင်များအပြင် ဂေါပကအဖွဲ့က တည်ဆောက်ထားသည့် လေးထပ် ရင်ပြင်တော် အခမဲ့တည်းခိုဆောင်ကို ဖွင့်လှစ်ပေးထားမှာဖြစ်တယ်လို့လည်း ဂေါပကအဖွဲ့မှ ဆိုထားပါတယ်။
စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ စာရင်းများအရ ၂၀၂၅-၂၀၂၆ ခုနှစ် ဘုရားပွဲတော်ကာလအတွင်း ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည် စုစုပေါင်း ၁ ဒသမ ၄ သန်းကျော် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Photo Credit – MOI/CJ






