[latest_news_marquee]

ကမ္ဘာပေါ်တွင် စျေးအကြီးဆုံး အစေ့ မက္ကဒေးမီးယား

မက္ကဒေးမီးယားအစေ့ဟာ ကျန်းမာရေး အကျိုးကျေးဇူး မြင့်မားပြီး နှလုံးသွေးကြောကျဉ်းရောဂါ ကာကွယ်ပေးတာ၊ ကိုယ်အလေးချိန် ထိန်းညှိပေးတာ၊ သွေးပေါင်ချိန်ထိန်းညှိပေးတာ၊ ဆီးချိုနဲ့ ကင်ဆာ ဖြစ်နိုင်ချေ လျှော့ချပေးတာ အပြင် ကျန်းမာရေးနှင့် ညီညွတ်သော အဆီဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ် စတဲ့ အဟာရတန်ဖိုး မြင့်မားစွာ ပါဝင်တဲ့အတွက် လူကြိုက်များတဲ့ ဈေးကွက်ဝင် အစေ့တစ်မျိုး ဖြစ်ပါတယ်။

မက္ကဒေးမီးယားအစေ့ဟာ စိုက်ပျိုးရခက်ခဲပြီး အပင်စိုက်ပြီး ရိတ်သိမ်းနိုင်ရန် ၇ နှစ်မှ ၁၀ နှစ်အထိ အချိန်ယူရခြင်း၊ အခွံမာလွန်း၍ ချွတ်ရခက်ခဲခြင်းတို့ကြောင့် ကမ္ဘာပေါ်တွင် စျေးအကြီးဆုံး အစေ့အဆံများ အနက် အပါအဝင် ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ရှမ်း၊ မန္တလေး၊ စစ်ကိုင်း၊ ကချင်၊ ကယား၊ ချင်းနှင့် ကရင်ပြည်နယ် တို့မှာ စိုက်ပျိုးမှုအများဆုံး ဖြစ်ပြီး ထိုင်းနဲ့ တရုတ် နိုင်ငံတို့ကို အဓိက တင်ပို့နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ တန်ချိန် ၅,၀၀၀ တင်ပို့နိုင်ခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်မှာတော့ တန်ချိန် ၁၀,၀၀၀ အထိ ၂ ဆ တိုးမြှင့်တင်ပို့သွားမယ်လို့လည်း သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံးအနေဖြင့် မက္ကဒေးမီးယား ခန်းမှန်းစိုက်ဧက ၂၅,၀၀၀ ကျော်ရှိပြီး လက်ရှိမှာ မက္ကဒေးမီးယားအစေ့များကို ရေရှည်တင်ပို့နိုင်ရေးအတွက် အရည်အသွေးမြှင့်တင်ခြင်း၊ GAP စံနှုန်းနဲ့အညီ စိုက်ပျိုးခြင်း၊ သိုလှောင်ခြင်းနဲ့ ထုပ်ပိုးခြင်း လုပ်ငန်းများကို စနစ်တကျ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ‌‎

Photo – မက္ကဒေးမီးယားစိုက်ပျိုးထုတ်လုပ်သူများ

Your Ad Here
Ad Size: 336x280 px

More News