[latest_news_marquee]

မကွေးရှိ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်တို့ ရေကျော်ပြီး အရေးပေါ်အခြေအနေ အဆင့်(၁)အဖြစ် အစိမ်းရောင်အလံများ လွှင့်ထူကာ အသိပေးထား

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်က စွန်ဆည်နှင့် ဆဒ္ဒန်ဆည်တို့၏ ရေပြည့်အမှတ်အထက် ရေကျော်နေတာကြောင့် ဆည်အောက်ပိုင်းရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆည်အနီးရှိ ကျေးရွာများတွင် အရေးပေါ်အခြေအနေ အဆင့်(၁)အဖြစ် အစိမ်းရောင်အလံများလွှင့်ထူကာ အချိန်နှင့် တစ်ပြေးညီ အသိပေးနှိုးဆော်မှုများပြုလုပ်ထားတယ်လို့ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရပါတယ်။

မြို့သစ်မြို့နယ်တွင် တောင်သူများ စိုက်ပျိုးရေးအတွက်အသုံးပြုနေသည့် ပုလင်းဆည်၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်နှင့် ဘုတ်ချောင်းဆည်တို့ ရှိသည့်အနက် စွန်ဆည်နှင့် ဆဒ္ဒန်ဆည်တို့မှာ ဩဂုတ်လ လဆန်းပိုင်းကစတင်၍ မိုးများအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့ မနက် ၈ နာရီအချိန် ဆည်ရေတိုင်းထွာချက်အရ စွန်ဆည်နှင့် ဆဒ္ဒန်ဆည် ရေလှောင်တမံ ရေပိုလွှဲတို့မှ စတင်ရေကျော်ကျလျက်ရှိတာဖြစ်တယ်လို့ ဌာနမှ ဆိုထားပါတယ်။

စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်ဟာ (၆၂၅) ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၂၅ ဒသမ ၆၀) ပေ ရှိသည့်အတွက် ရေပိုလွှဲမှ (၀ ဒသမ ၆ ပေခန့်)၊ ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့် အမှတ်ဟာ (၅၆၀ ဒသမ ၅၀) ပေ ဖြစ်ပြီး လက်ရှိရေမှတ်မှာ (၅၆၂ ဒသမ ၃၀) ပေ ရှိသည့်အတွက် ရေပိုလွှဲမှ (၁ ဒသမ ၈ ပေခန့်)ရေကျော်ကျလျက်ရှိနေတာလို့ သိရပါတယ်။

စွန်ဆည်နှင့် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ရေကျော်ကျမှုရှိသော်လည်း ဆည်၏ ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် ဆည်အခြေအနေနှင့်ပတ်သက်၍ သိရှိနိုင်ရန် ဝန်ထမ်းများအား အလှည့်ကျ ရေကင်းတာဝန်ချထားကာ ဆောင်ရွက်လျက်ရှိတယ်လို့လည်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရပါတယ်။

Photos- MOI

Your Ad Here
Ad Size: 336x280 px

More News