တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေဘေးကြုံတွေ့ရသည့် အိမ်ထောင်စု ၃,၃၉၇ စု နှင့် လူဦးရေ ၁၈,၇၁၂ ဦးရှိတယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရပါတယ်။
ထားဝယ်မြို့၌ စက်တင်ဘာလ ၂၆ ရက် နံနက်ပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နာရီ ၈၀ အတွင်း စံချိန်တင်ရေလျှံမှုဖြစ်ပွားခဲ့ရာ ဆေးရုံးလမ်းရှိ အိမ်ထောင်စု ၂၀၊ လူဦးရေ ၆၇ ဦးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး မြို့အနေဖြင့် အန္တရာယ်ရှိသည့် အနေအထားမဖြစ်ပွားခဲ့ကြောင်းလည်း တိုင်းအစိုးရမှ သိရပါတယ်။
ထို့အတူ လောင်းလုံးမြို့နယ်တွင်လည်း လူထိခိုက်မှုများရှိခဲ့၍ ကူညီဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ကော်မတီဝင်များမှ ပံ့ပိုးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းနှင့် ရေဘေးသင့် ပြည်သူများအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ မားမားခေါက်ဆွဲ၊ ငါးသေတ္တာ စသည့် စားသောက်ကုန် ၅ မျိုး ရောက်ရှိခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းလည်း တိုင်းအစိုးရအဖွဲ့မှ သိရပါတယ်။
ထို့အပြင် တိုင်းဒေသကြီး ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်းကာ အကောင်းဆုံးဖြစ်အောင် အချိန်မီကူညီနှင့် ထပ်မံဆုံးရှုံးမှုများမဖြစ်ပွားအောင် ကူညီကယ်ဆယ်သင့်သည်များကို ဆောင်ရွက်ပေးရန်လိုအပ်ပြီး ရေကြီး၊ ရေလျှံမှုနှင့် မလွတ်ကင်းသည့် ကျောင်းများကို ခေတ္တပိတ်ထားရန်လိုအပ် တယ်လို့ တိုင်းဒေသကြီးဝန်ကြီးချုပ်က မှာကြားထားကြောင်းလည်း တိုင်းအစိုးရမှ သိရပါတယ်။
Photo- MOI






