[latest_news_marquee]

ယခုလအတွင်း အားကောင်းရာမှ အားအလွန်ကောင်းသော အယ်ယ်နီညို အခြေနေသို့ ရောက်ရှိနိုင်

ယခု စက်တင်ဘာလအတွင်း အားကောင်းရာမှ အားအလွန်ကောင်းသော အယ်လ်နီညို အခြေနေသို့ ရောက်ရှိနိုင် တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် နိုင်ငံတကာ ရာသီဥတုဗဟိုဌာနများ၏ ထုတ်ပြန်ချက်များကို အခြေခံ၍ ခန့်မှန်းသုံး သပ်ချက်များအရ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာ ပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ စက်တင်ဘာလအတွင်း အားကောင်းရာမှ အားအလွန်ကောင်းသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနိုင်ပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားအလွန်ကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားတယ်လို့ သိရပါတယ်။

ယင်းအတွက်ကြောင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ရန်လည်း အသိပေးထားပြီး အယ်လ်နီညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့် တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေး သွားမယ်လို့လည်း မိုးဇလမှ ဆိုထားပါတယ်။

အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ ဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ လာမယ့် နွေကာလများတွင် နေ့အပူချိန်များမြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်း စတဲ့ အစွန်းရောက်မိုးလေဝသဖြစ်စဉ်များဖြစ် ပေါ်နိုင်တယ်လို့ သိရပါတယ်။

အယ်လ်နီညိုဖြစ်စဉ်, မိုးဇလ,

Photo- Internet

Your Ad Here
Ad Size: 336x280 px

More News