[latest_news_marquee]

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် TollPass RFID စနစ်ကို စတင် အသုံးပြုနိုင်

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကြိုတင်​ငွေ​ပေးသွင်း၍ အလိုအ​လျောက်​လမ်းအသုံးပြုခ​​ကောက်ခံ​သော TollPass RFID (Radio Frequency Identification Device) စနစ် အသုံးပြုသူများအတွက် RFID စတစ်ကာများကို ယနေ့ စက်တင်ဘာ ၁၇ ရက်နေ့မှ စတင်၍ နေ့စဉ် ပိတ်ရက်မရှိ  နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ရောင်းချ တပ်ဆင်ပေးသွားမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။​

ကနဦး အနေဖြင့်  ရန်ကုန်-မန္တလေးအမြန် လမ်းမကြီး၏ (၀ မိုင် ၇ ဖာလုံ) အမှတ်(၃)တိုးဂိတ်၊ (၂၀၁ မိုင် ၃ ဖာလုံ) စီလမ်းဆုံ တိုးဂိတ်နှင့် (၃၅၂ မိုင် ၄ ဖာလုံ) စကားအင်းတိုးဂိတ်များရှိ TollPass Counter များတွင် တပ်ဆင်လိုသည့်ယာဉ်ပိုင်ရှင်များအ​နေဖြင့် TollPass RFID စနစ် အသုံးပြုနိုင်ရန် Smart Phone ၊ တပ်ဆင်မည့်ယာဉ် ၊ ကညန ယာဉ်မှတ်ပုံတင်(ဝှီးတက်) Vehicle Registration Card (Wheel Tax) တို့ကို ယူ​ဆောင်လာရန်လိုအပ်မည်ဖြစ်ကြောင်း သိရပါတယ်။

TollPass မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်တွင် Smart Phone ဖြင့် မှတ်ပုံတင်၍ Application ထည့်သွင်းခြင်း၊ ယာဉ်အချက် အလက်များအား မှတ်တမ်းတင်ခြင်း၊ ယာဉ်တွင် RFID Sticker ကပ်ခြင်း၊ TollPass Unit (TPU) အနည်းဆုံး ၅၀,၀၀၀ ကျပ်နှင့်အထက် ကြိုတင်ဖြည့်သွင်းခြင်း ၊ RFID Sticker နှင့် တစ်နှစ်စာဝန်ဆောင်ခအတွက် ၂၀,၀၀၀ ကျပ်တို့ကို​ဆောင်ရွက်​ပေးမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ TollPass စနစ်တပ်ဆင်ပြီးပါက ရန်ကုန်-မန္တ​လေးအမြန်လမ်းသို့ ဝင်​ရောက်ရာတွင် Toll Gate များရှိ TollPass သီးသန့် ယာဉ်ကြောမှ အများဆုံး 20 km/hr နှုန်းဖြင့်​သာမောင်းရမည်ဖြစ်ပြီး ​ယာဉ်ဝင်လာသည်နှင့်တပြိုင်နက် ​မောင်းတံအလိုအ​လျောက်ပွင့်သွားကာ ​လမ်းအသုံးပြုခ​ပေးရန်တန်းစီ​စောင့်ဆိုင်းစရာမလိုဘဲ ဆက်လက်​မောင်းနှင်နိုင်မည်ဖြစ်ကြောင်းလည်း သိရပါတယ်။

ထိုသို့ဖြတ်သန်းခြင်းအတွက် လမ်းအသုံးပြုခကောက်ခံမည့်စနစ်မှာ တိုးဂိတ်(၂)ခုအကြား အကွာအဝေးအတိုင်း၊ လမ်းဦးစီးဌာနက သတ်မှတ်ထား​သော ယာဉ် Class အလိုက်နှုန်းထားများအတိုင်း ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

TollPass စနစ်အသုံးပြုသူများအ​နေဖြင့် မိမိပေးသွင်းပြီးသော ငွေမှာ TollPass Unit (TPU) စနစ်သို့ ပြောင်းလဲပြီး ဖြစ်၍ ပြန်အမ်းငွေ ထုတ်ယူ၍ မရနိုင်ပါ​ကြောင်းနှင့် RFID Tag(Sticker) များ၏ အာမခံကာလမှာ စတင်ထုတ်​ပေးသည့်ရက်မှ စ၍(၁)နှစ်တိတိဖြစ်ကြောင်း၊  (၁)နှစ်အတွင်း အလိုအ​လျောက်ပျက်စီးပါက ပြန်လည်လဲလှယ်​ပေးမည်ဖြစ်ပြီး အ​ကြောင်း​ကြောင်း​ကြောင့် ထိခိုက်ပျက်စီးပါက ကျသင့်တန်ဖိုး ​​ပေး​ဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ယနေ့ စက်တင်ဘာ ၁၇  ရက်​နေ့၌ စတင်​ရောင်းချရာတွင် ​​ငွေ​ပေး​ချေမှုများကို ​ငွေသားဖြင့်သာလက်ခံမည်ဖြစ်​သော်လည်း မကြာမီ အွန်လိုင်း​ငွေ​ပေး​ချေစနစ်များဖြစ်​သော MMQR , KBZ Pay, AYA Pay, WAVE Pay တို့ဖြင့်​ပေး​ချေနိုင်မှာဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

TollPass RFID စနစ်သည် ယခင် Ez Go ETC စနစ်ကဲ့သို့ Onboard Unit (OBU) စက်များတပ်ဆင်ပြီး ကတ်များဖြင့်​ကိုယ်တိုင်လာ​ရောက်​ငွေဖြည့်ရန်မလို​တော့ဘဲ အွန်လိုင်း​ငွေလွှဲစနစ်ဖြင့်​TPU ဖြည့်(Top Up)နိုင်ခြင်း၊ ဖုန်းအက်ပ်မှတဆင့်မိမိယာဥ်အတွက် TPU လက်ကျန်၊ ဖြတ်သန်းခဲ့​သောခရီး၊ ​လမ်းအသုံးပြုခ TPU ဖြတ်​တောက်မှုတို့ကို အချိန်မ​ရွေးစစ်​ဆေးနိုင်ခြင်းတို့​ကြောင့် ပိုမိုလွယ်ကူ လုံခြုံစိတ်ချရ​သောစနစ်ဖြစ်တယ်လို့လည်း သိရပါတယ်။

TollPass စနစ်မှာ ရန်ကုန်မှမန္တ​လေးအထိ အမြန်လမ်းတ​လျှောက် တိုးဂိတ်ကြီး ၆ ဂိတ် အားလွယ်ကူစွာဖြတ်သန်းနိုင်​ရေးအတွက် အချိန်တိုကာလအတွင်းကြိုးပမ်းတပ်ဆင်ရသည့်အတွက် တပ်ဆင်ကာစ ကာလများအတွင်း software error, barrier error များ​ကြောင့် TollPass စနစ်သုံးခရီးသွားပြည်သူများ အဆင်မ​ပြေမှုများရှိခဲ့ပါက Hotline ဖုန်းနံပတ်များသို့ဆက်သွယ်​ပြောကြား​ပေးရန် ဝန်ကြီးဌာနက မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

Photos – ဆောက်လုပ်ရေးဝန်ကြီးဌာန

Your Ad Here
Ad Size: 336x280 px

More News